“ကျားမမတူကွဲပြားမှုအမြင်နှင့် တန်းတူရရှိစေရေးမူတို့ကို လုပ်ဆောင်မှုတိုင်းတွင်ထည့်သွင်းပါဝင်စေခြင်း” သင်တန်းကို အရုဏ်ဦးလူမှုဖွံ့ဖြိုးရေးအသင်းမှ Peace Team ၏စီစဉ်မှုဖြင့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မျိုးဆက်သစ် (ရှမ်းပြည်) (NGSS)အဖွဲ့အတွက် ဇူလှိုင်လ ၁၀ မှ ၁၄ ရက်နေ့အထိ တောင်ကြီးမြို့တွင် သင်တန်းမှုး ဒေါ်မြင့်မြင့်ဦးမှပြုလုပ်ပေးခဲ့သည်။ အဓိကဆွေးနွေးချက်များအနေဖြင့် (၁) ကျားမလူမှုရေးရာနှင့် လိင်၊ (၂) ကျားမလူမှုရေးရာ၏အခြေခံအကြောင်းရင်းများ (လူမှုဆက်ဆံရေး၊ အမြင်၊ ခွဲခြားဆက်ဆံခြင်း)၊ (၃) ကျားမရေးရာအခန်းကဏ္ဍ၊ (၄) အကျိုးရှိသောနားထောင်နိုင်ခြင်းစွမ်းရည်၊ (၅) ကျားမအခြေပြုအကြမ်းဖက်ခြင်းနှင့် အမျိုးသမီးများလူကုန်ကူးခံရခြင်း၊ (၆) CEDAW အသိအမြင်၊ နှင့် (၇) NADPAW အသိအမြင် စသည့်အချက်များကိုဝေမျှခဲ့ပါသည်။ 

 

သက်ဆိုင်သောပုံများကိုကြည့်ရန် နှိပ်ပါ